ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း နှိုင်းယှဉ်ချက်

Last Updated:

ယခုတစ်ပတ်အတွင်း သီတင်းပတ်အစပိုင်းရက်များတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲ ဈေးနှုန်းများစွာပြောင်းလဲမှုမရှိခဲ့ပါ။ ယခင်သီတင်းပတ် နောက်ဆုံးရက်တွင် တစ်တင်းလျှင် ၂၉၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ ၁၈ ရက်နေ့တွင် မတ်ပဲဈေးနှုန်း ၂၉၆၀၀ မှ ၃၀၀၀၀ ကျပ်ထိပြန်လည် မြင့်တက်လာသည်။

မတ်လ ၁၉ ရက်နေ့တွင် တစ်တင်းလျှင် ၃၀၃၀၀ ကျပ်မှ ၃၀၅၀၀ ကျပ်အတွင်းအရောင်းအဝယ်ဖြစ် လျှက်ရှိပြီး ဒေါ်လာဈေးအနည်းငယ်ပြန်လည်မြင့်တက်လာခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ အိန္ဒိယ နိုင်ငံသို့ မတ်ပဲပုံမှန်တင်ပို့နေသည့် သတင်းများအရလည်းကောင်း ဒေသတွင်းမတ်ပဲဈေးနှုန်းသည် လည်း တရိပ်ရိပ်ပြန်လည်မြင့်တက်လာနေခဲ့သည်။ ၂၀/၂၁/၂၂ ရက်နေ့များတွင် ဒေသတွင်းမတ်ပဲဈေးနှုန်း ၃၀၈၀၀ / ၃၀၉၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သည်။

မတ်လ ၂၃ ရက်နေ့တွင် ၂၀၉၀၀ကျပ် သို့ပြန်လည်ကျဆင်းလာခဲ့ပြီး ၂၃.၃.၂၀၂၀ ရက်နေ့ညတွင် မြန်မာနိုင်ငံ၌ Covid 19 positive လူနာနှစ်ဦးတွေ့ရှိသည့် သတင်းများအရ အများပြည်သူများလတ်တလော စိုးရိမ်ထိတ်လန့်ခဲ့ပြီး ဒေသတွင်းကုန်စည်ဒိုင်အချို့နှင့် ပဲအဝယ်ဒိုင်အချို့ အရောင်းအဝယ်လုပ်ငန်းများကို ရပ်တန့်ခဲ့ကြသည်။ ထို့ကြောင့် မတ်လ ၂၄ ရက်နေ့တစ်ရက်တည်းတွင် မတ်ပဲဈေးနှုန်းသည် နံနက်ပိုင်းတွင် တစ်တင်းလျှင် ၂၆၀၀၀ကျပ်နှင့် ညနေပိုင်းတွင် ၂၅၀၀၀ ကျပ် သို့ရုတ်ချည်းကျဆင်းလာခဲ့သည်။

အနယ်နယ်အရပ်ရပ်ရှိ ကုန်စည်ဒိုင်ကြီးများ အရောင်းအဝယ်ရပ်တန့်လိုက်ခြင်း၊ covid 19 နှင့် ပတ်သက်သည့် သတင်းများကြောင့် အများပြည်သူများ၊ ဒေသတွင်းတောင်သူများ ငွေကြေးလိုအပ်ချက် ရှိနေချိန်ဖြစ်ခြင်းတို့ကြောင့် ယခုသီတင်းပတ်နောက်ဆုံးရက်များတွင် မတ်ပဲဈေးနှုန်း အလွန်အမင်း ကျဆင်း နေကြောင်း သိရှိရသည်။